Avoiding scams - Burmese

Skip listen and sharing tools

Please note: to view this language, you may need specific language software or fonts to be installed on your computer.

အတုအယောင်တစ်ခုသည် စာနာထောက်ထားမှုမရှိသော လူများက သင့် ငွေကြေး သို့မဟုတ် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခိုးယူရန် လုပ်သည့် လှည့်စားမှုတစ်ခုဖြစ်သည်။

အတုအယောင်လုပ်သူများသည် လူများအား ဆက်သွယ်ရန် ဖုန်း၊ အီးမေးလ်၊ စာဖြင့်ရေးသားသည့် အမှာသတင်းနှင့် စာတိုက်ပို့စာ တို့ကိုအသုံးပြုကြသည်။ အဖြစ်အများဆုံး အတုအယောင်ဖြစ်ရပ်များထဲမှ သုံးမျိုးကို ဖော်ထုတ်ရန်နှင့် မိမိကိုယ်ကို ကာကွယ်ရန် အထောက်အကူ ပြုသောအနေဖြင့် အောက်တွင် သတင်းပေးအချက်အလက် အချို့ဖော်ပြ ထားသည်။

ထီ အတုအယောင်

အတုအယောင်လုပ်သူများသည် သင့်ထံသို့ အစစ်သဏ္ဍာန်တူသည့် စာ၊ အီးမေးလ်၊ စာဖြင့်ရေးထားသည့် အမှာသတင်း သို့မဟုတ် လူမှုရေးမီဒီယာ ရေးသားချက် တို့ဖြင့်ပေးပို့ပြီး သင် ဆုငွေ ပေါက်ပြီဖြစ်ကြောင်း ပြောသည်။ ဆုငွေမှာ ငွေကြေး၊ အပျော်တမ်းခရီး၊ စမတ်လက်ကိုင်ဖုန်း သို့မဟုတ် ဈေးဝယ်ဖောက်ချာ တစ်ခု ဖြစ်နိုင်သည်။ ဆုငွေကို ရယူရန် သင့်အနေဖြင့် ဦးစွာ အခွန် သို့မဟုတ် ဆောင်ရွက်ခ သို့မဟုတ် သူတို့အား သင့် ဘဏ်စာရင်းကိုပို့ရန် သူတို့ပြောမည် ဖြစ်သည်။

ဤအတုအယောင်၏ သတိပေး သင်္ကေတများအချို့မှာ -

  • ဆုငွေမှာ သင် မထိုးထားခဲ့သည့် ထီ သို့မဟုတ် သင် မပြိုင်ခဲ့သည့် ယှဉ်ပြိုင်ပွဲ တစ်ခု အတွက်ဖြစ်သည်။
  • သင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပေးရန် ဖုန်းခေါ် သို့မဟုတ် အီးမေးလ် ပို့ရန် သင့်အားခိုင်း မည်။
  • သင့် ဆုငွေကို ရယူရန် သင်သည် ဆောင်ရွက်ခ သို့မဟုတ် ဘဏ်စရင်း ကိုပို့ရမည်။
  • စာတိုက်သေတ္တာအမှတ် (PO Box)၊ အီးမေးလ်လိပ်စာ သို့မဟုတ် မိုဘိုင်းဖုန်းနံပါတ် ကိုဆက်သွယ်ရမည့်အချက် အဖြစ်ပေးထားမည် (နေရပ်လိပ်စာကို ပေးမထားပါ)

ပြန်အမ်းပေးငွေ အတုအယောင်

အတုအယောင်လုပ်သူများသည် အစိုးရ၊ ဘဏ် သို့မဟုတ် အသိများသည့် အဖွဲ့အစည်း တစ်ခုမှ ဖြစ်ကြောင်း အယောင်ဆောင်ပြီး သင် ငွေကြေး ရရန်ရှိသည်ဟု ပြောမည် — သို့သော် ယင်းငွေကို ”ရယူရန်” သင် ဦးစွာ ဆောင်ရွက်ခ သို့မဟုတ် အလားတူ အဖိုးအခ ကိုပေးရမည်ဖြစ်သည်။ ပြန်အမ်းပေးငွေ သင်လက်ခံရရှိမည့် အကြောင်းရင်းတစ်ခု အနေ ဖြင့် သင့် ပင်စင်လစာ သို့မဟုတ် သင့် ထောက်ပံ့ကြေးငွေ မှာ ရသင့်သည့်ထက် လျှော့ပြီးပေးခဲ့ကြောင်း သို့မဟုတ် ရေ မီး ဓါတ်ငွေ့ ကျသင့်ငွေများကို သင် ပို၍ ပေးခဲ့ကြောင်း တို့ကိုလည်း အချို့ အတုအယောင်လုပ်သူများက ပြောသည်။

သင် ငွေရရန်ရှိကြောင်း သို့သော် ယင်းငွေကိုရယူရန် အခပေးရန် လိုကြောင်းပြောရန်အတွက် ဘဏ်၊ စီးပွားလုပ်ငန်း သို့မဟုတ် အစိုးရ ဌာန တို့သည် မည်သည့်အခါမျှ သင့်အား ဆက်သွယ်လိမ့်မည် မဟုတ်ပါ။

ချစ်သူရှာ အတုအယောင်

အတုအယောင်လုပ်သူများသည် ခံရမည့်သူအား စစ်မှန်သည့် ချိန်းတွေ့ရန်လုပ်သည့် ဝက်ဘ်ဆိုက်များပေါ်တွင် ချဉ်းကပ် သည်။ စိတ်ဝင်စားကြောင်း တင်ပြပြီးသည့်နှင့်တစ်ပြိုင်နက်၊ ကိုယ်ရေးကိုယ်တာ အီးမေးလ်၊ ဖုန်းခေါ်မှုများ သို့မဟုတ် ချက်ချင်း ရေးသည့် စာအမှာသတင်း တို့ဖြင့်လုပ်ထားသည့် အဆက်အသွယ်အားလုံးကို သူတို့ဖယ်ရှားလိုက်သည်။ အချိန်တစ်လျောက်တွင် အတုအယောင်လုပ်သူများသည် ခံရမည့်သူနှင့် အွန်လိုင်း ဆက်ဆံရေး တစ်ခုကိုတည်ဆောက် သည်၊ သူတို့၏ ယုံကြည်မှုနှင့် ချစ်ခင်နှစ်သက်မှုကို ရယူရန် ရှည်ရှည်လျားလျား ဆောင်ရွက်ကြသည်။

အဖြစ်မှန်အားဖြင့် အတုအယောင်လုပ်သူများသည် ငွေကြေးလိုအပ်သည့် ရုပ်ပြအကြောင်းချင်းရာတစ်ခုကို ဖန်တီးလိမ့် မည်၊ များသောအားဖြင့် မိသားစုဝင် တစ်ဦး၏ နာမကျန်းမှု သို့မဟုတ် ဒဏ်ရာ သို့မဟုတ် ရင်းနှီးမြုပ်နှံမှု တစ်ခုအတွက် ငွေပေးချေရန် တို့ဖြစ်သည်။ ဤအဆင့်တွင် ခံရမည့်သူသည် သမရိုးကျအားဖြင့် သူတို့အပေါ် စိတ်ညို့ နေပြီဖြစ်၍ မိသားစု သို့မဟုတ် မိတ်ဆွေများက ၄င်းမှာ အတုအယောင်တစ်ခုဖြစ်ကြောင်း ထောက်ပြသည့် တိုင်အောင် အဆင်သင့် ငွေပို့ပေးသည်။ ငွေကြေးကို လျှပ်စစ်နည်းဖြင့် သို့မဟုတ် ငွေလွှဲပေးခြင်းဖြင့် ပို့ပြီးသည်နှင့်တစ်ပြိုင်နက် ငွေပြန်ရရန် အမှန်စင်စစ် မဖြစ်နိုင်တော့ပါ။

သင့်ကိုယ်ကို ကာကွယ်ပေးခြင်း — အတုအယောင်များအကြောင်း အမှတ်ရရန် အရေးကြီးသည့် အချက်များ

  • အစစ်အမှန်ဖြစ်ရန် အလွန်ကောင်းနေပုံရလျှင် ၄င်းသည် အတုအယောင် ဖြစ်နိုင်ဖွယ်ရှိသည်
  • သင် မတောင်းခဲ့သေးသည့် ငွေကြေးရန်ပုံငွေများ သို့မဟုတ် ငွေရရန်ရှိကြောင်း ပြောဆိုသည့် မဆင့်ဆိုဘဲကမ်းလှမ်းလာသော အီးမေးလ်၊ ဖုန်းခေါ်မှုများ သို့မဟုတ် စာများကို အထူးသတိပြုပါ
  • ဆုငွေကို သို့မဟုတ် ပြန်အမ်းပေးငွေကို ရယူရန် ဘယ်သောအခါမျှ ငွေကြေး သို့မဟုတ် သင့် ဘဏ်စာရင်းကို မပို့ပါနှင့်
  • သင် ထီထိုးထားခြင်း သို့မဟုတ် ဆုငွေကံစမ်းမဲထိုးထားခြင်း ရှိမရှိ စစ်ဆေးပါ၊ တရားဝင် ထီများသည် အနိုင်ရ သည်များကို သို့မဟုတ် ဆုငွေများကို ရယူရန် အခပေးရမည်ဟု သင့်အား မေးလိမ့်မည် မဟုတ်ကြောင်း သတိပြုပါ
  • ငွေပို့စာအမိန့် သို့မဟုတ် လျှပ်စစ်နည်းငွေလွှဲပို့ခြင်း ဖြင့်တစ်ခုခုအတွက် မည်သည့်အခါမျှ ငွေမပေးပါနှင့် — အမြဲတမ်း စိတ်ချရသည့် နည်း အကြွေးဝယ်ကတ် သို့မဟုတ် PayPal ကဲ့သို့နည်းကို သုံးပါ
  • အသိများသည့် ဘဏ်များ သို့မဟုတ် အခြားအဖွဲ့အစည်းများ၏ တရားဝင် အမှတ်တံဆိပ်ကို အသုံးပြုထား သော ဝက်ဘ်ဆိုက် အတုကို သတိပြုပါ — အကယ်၍ သင် မသေချာလျှင် စစ်ဆေးရန် ဘဏ် သို့မဟုတ် အဖွဲ့အစည်းကို တိုက်ရိုက် ဆက်သွယ်ပါ
  • စီးပွားလုပ်ငန်းကို ဆက်သွယ်ရန် အီးမေးလ် တွင်ရှိသော အဆက်အစပ် (Links) များကို မသုံးပါနှင့်။ ဆက်သွယ်ရမည့် အချက်အလက်ကို ရှာဖွေစက် (Search Engine)၊ ဖုန်း လမ်းညွန်စာအုပ် သို့မဟုတ် အခြား လွတ်လပ်သည့် ပင်ရင်း ကိုသုံး၍ အမြဲတမ်း ရှာပါ
  • မည်သည့်အခါမျှ သင် လူကိုယ်တိုင် မတွေ့ဘူးသောသူထံသို့ သင်စကားပြောဘူးသည့်တိုင်အောင် သို့မဟုတ် ၄င်းလူထံမှ လက်ဆောင်များ လက်ခံရရှိခဲ့သည့်တိုင်အောင် ငွေကြေး မပို့ပါနှင့်
  • သင့် မိသားစု နှင့် မိတ်ဆွေများ ကိုနားထောင်ပါ အကယ်၍ သင် အွန်လိုင်းတွင် တွေ့သည့် တစ်ဦးဦးနှင့် စပ်လျဉ်း၍ သူတို့က စိုးရိမ်မကင်း ဖြစ်လျှင် ဖြစ်သည်
  • အကယ်၍ အွန်လိုင်း ချိန်းတွေ့မည့် ဓါတ်ပုံမှာ ဖော်ပြထားပုံနှင့် မကိုက်ညီလျှင် သို့မဟုတ် မဂ္ဂဇင်းတစ်ခုမှ ထုတ်ယူထားသည်နှင့်တူနေလျှင် သတိထားပါ။

အတုအယောင်များအပေါ် အရေးယူခြင်း

အကယ်၍သင်သည် အတုအယောင် လုပ်ခံရသည်ဟု ထင်မြင်လျှင် ဖြစ်ရပ်ကို သတင်းပို့ရန် ချက်ချင်း ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ သင့်အခြေအနေပေါ် မူတည်၍ သင့် အကြွေးဝယ်ကတ် ထုတ်ပေးသူ သို့မဟုတ် ဘဏ် မှတစ်ဆင့် သင့် ငွေကြေးကို သင် ပြန်လည် ရနိုင်ကောင်း ရနိုင်သည်။

အကယ်၍ သင့် ငွေကြေးကို ပြန်လည် မရနိုင်လျှင် အရေးကြီးနေသေးသည်မှာ အခြားသူများ အတုအယောင် လုပ်ခံရခြင်းမှ ကာကွယ်ရန် သတင်းအချက်အလက်က ပံ့ပိုးကောင်း ပံ့ပိုးနိုင်သည့်အလျောက် ဖြစ်ရပ်ကို သင် သတင်းပို့ပါ။

အတုအယောင်များကို မည်ကဲ့သို့ရှောင်ရှားရန် အကြောင်းက စားသုံးသူများ အတွက် စတီဗီ၏ အတုအယောင် ကျောင်း ဗီဒီယို နှင့် စီးပွားလုပ်ငန်းငယ် တို့ကိုကြည့်ရှုခြင်းဖြင့် ပိုမို၍ လေ့လာပါ။.