Burmese - Overview

Skip listen and sharing tools

Please note: to view this language, you may need specific language software or fonts to be installed on your computer.

ဗစ်က်တိုးရီးယား စားသုံးသူများရေးရာဌာန

ကျွန်ုပ်တို့က ဘာလုပ်ကြသည်

ဗစ်က်တိုးရီးယား စားသုံးသူရေးရာဌာနသည် ဗစ်က်တိုးရီးယားပြည်နယ်၏ စားသုံးသူရေးရာများကို တရားဝင်ထိန်းသိမ်းသူဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ဗစ်က်တိုးရီးယားပြည်သူပြည်သားများသည် တာဝန်သိကြပြီး အသိအမြင်ရှိကြသော ကုန်သည်များနှင့် စားသုံးသူများဖြစ်ကြရေးကို ကူညီရန်ဖြစ်သည်။

၎င်းကိုလုပ်ကိုင်ရန် ကျွန်ုပ်တို့က၊

  • စားသုံးသူများဥပဒေနှင့် စက်မှုလုပ်ငန်းစည်းမျဉ်းများကို ပြန်လည်ဆန်းစစ်ပြီး ပြည်နယ်အစိုးရအား အကြံÓဏ်ပေးသည်
  • စားသုံးသူများ၊ အိမ်ငှားမြေငှားများ၊ ကုန်သည်များနှင့် အိမ်မြေရှင်များတို့အား ၄င်းတို့၏ ရပိုင်ခွင့်များ၊ တာဝန်များနှင့် ဥပဒေပြောင်းလဲမှုများနှင့်ပတ်သက်၍ အကြံဥာဏ်ပေးပြီး ပညာပေးသည်
  • ကူးသန်းရောင်းဝယ်မှုများနှင့် အလုပ်အကိုင်များကို မှတ်ပုံတင်ပေးပြီး လိုင်စင်ထုတ်ပေးသည်
  • စားသုံးသူများနှင့် ကုန်သည်များတို့အကြားနှင့် အိမ်မြေငှားများနှင့် အိမ်မြေရှင်များတို့အကြား အငြင်းပွားမှုများကို ဖျန်ဖြေစေ့စပ်ပေးသည်
  • စားသုံးသူ ဥပဒေများ၏ အာဏာကိုတည်မြဲစေပြီး ၄င်းတို့အား လိုက်နာမှုကို သေချာစေသည်။

ကျွန်ုပ်တို့သည် အောက်ပါတို့အတွက် ဘက်လိုက်မှုကင်းသော သတင်းအကြောင်းအချက်များနှင့် အကြံÓဏ်ကို အခမဲ့ ပေးပါသည်

  • ဆောက်ခြင်းနှင့် မွမ်းမံပြုပြင်ခြင်း
  • ကူးသန်းရောင်းဝယ်ရေး လိုင်စင်ထုတ်ပေးခြင်းနှင့် စည်းမျဉ်းများအရ ထိန်းသိမ်းပေးခြင်း
  • ကူးသန်းရောင်းဝယ်ရေး အမည်များ
  • မြေအိမ်အဆောက်အအုံ ရောင်းခြင်းနှင့် ဝယ်ခြင်း
  • သမဝါယမများ
  • ရန်ပုံငွေကောက်ခံခြင်း
  • ပေါင်းစည်းထား အဖွဲ့အစည်းများ
  • ကန့်သတ်ထား အစုစပ်များ
  • ကြွေးမြီ စီမံခန့်ခွဲခြင်း
  • မော်တော်ယာဉ်များ
  • ပိုင်ရှင်များ စုပေါင်းအဖွဲ့
  • ထုတ်ကုန် အန္တရာယ်ဘေးကင်းရေး
  • ငှားရမ်းခြင်း
  • အငြိမ်းစားဂေဟာများ
  • လိမ်လည်ရိုက်စားမှုများ
  • ဈေးဝယ်ခြင်းနှင့် ရောင်းဝယ်ခြင်း။

ကျွန်ုပ်တို့အား ဆက်သွယ်ပါ

စကားပြန် ဝန်ဆောင်ပေးမှု

Interpreter service logo၁၃၁ ၄၅၀ သို့ဖုန်းခေါ်ပြီး သင်၏ ဘာသာစကား၏ အင်္ဂလိပ်အမည်ကို ပြောပါ။ ထို့နောက် စကားပြန်အား ၁၃၀ဝ ၅၅ ၈၁ ၈၁ သို့ ဖုန်းခေါ်ခိုင်းပါ။

9:00 am to 5:00 pm, Monday to Friday (except for public holidays)

ပိုမိုသိကောင်းစရာများ