Mobile phone contracts - Burmese

Skip listen and sharing tools

If this page does not display correctly, download a copy instead: Mobile phone contracts – Burmese (PDF, 233KB).

မိုဘိုင်းဖုန်းကို မဝယ်မီ

ဤဝေါဟာရများကို နားလည်ထားပါ

  • ဝန်ဆောင်မှုပေးသူ။ သင် ဖုန်းခေါ်ဆိုရန်နှင့် အီးမေးလ်များကို ပို့နိုင်ရန် အလို့ငှာ သင့် မိုဘိုင်းဖုန်းအား ဖုန်းကွန်ရက်တစ်ခုနှင့် ချိတ်ဆက်ပေးသော ကုမ္ပဏီ
  • premium (ထိပ်တန်းအဆင့်) SMS ။reality television (လက်ငင်းဘဝဖြစ်စဉ် ရုပ်သံအစီအစဉ်)၌ မဲထည့်ခြင်း၊ ပြိုင်ပွဲများနှင့် content subscriptions (စိတ်ကြိုက်အရာများကို ဝယ်ရန်ပေးရသော အခကြေးများ) ကဲ့သို့သော ဝန်ဆောင်မှုများအတွက် အသုံးပြုသော text messages (မိုဘိုင်းဖုန်း မှာကြားစာများ) ဖြစ်သည်။ အကယ်၍သင်သည် ထိပ်တန်းအဆင့် SMS ပို့ရန် သို့မဟုတ် ထိပ်တန်းအဆင့် SMS တစ်ခုအား အကြောင်းပြန်ရန် ရွေးချယ်ပါက၊ သင်သည် နောက်ဆုံးတွင် ဈေးအလွန်ကြီးသော ဖုန်းခေါ်ခနှုန်းပေးရသည့် ဝန်ဆောင်မှုပေးသူနှင့် စာချုပ်ချုပ်ရကောင်း ချုပ်ရလိမ့်မည်ဖြစ်သည်။ သင့်အနေနှင့် ငွေကြေးပိုမို မကုန်ကျဘဲ စာချုပ်ကို ဖျက်သိမ်းရန်မှာ ခက်ခဲနိုင်သည်။
  • international roaming (နိုင်ငံတကာ၌ ဖုန်းဆက်နိုင်သော အစီအစဉ်)။ ပင်လယ်ရပ်ခြား၌ သင့် မိုဘိုင်းဖုန်းကို အသုံးပြုပြီး ဖုန်းခေါ်ဆိုနိုင်သည် သို့မဟုတ် ဖုန်းအခေါ်ခံနိုင်သည်။ ၎င်းမှာ ဈေးကြီးနိုင်သည်။ သင့်အနေဖြင့် စည်းကမ်းချက်များနှင့် သတ်မှတ်ထားချက်များကို ဖတ်ရန် သေချာပါစေ။ သို့အားဖြင့် ဤဝန်ဆောင်မှုအတွက် နောက်ဆုံးတွင် သင် မည်မျှပေးရမည်ကို သင် သိပါမည်။
  • 32GB/16GB။ ဤကိန်းဂဏန်းများသည် ထုံးစံအားဖြင့် သဘောတူစာချုပ်အစီအစဉ်ဖော်ပြချက်တွင် ပါရှိပြီး သင့် မိုဘိုင်းဖုန်း၏ သိုလှောင်နိုင်စွမ်းအားကို ရည်ညွှန်းခြင်းဖြစ်ကာ Data (အချက်အလက်) ဒေါင်းလုပ် ခွင့်ပြုပမာဏကို ရည်ညွှန်းခြင်းမဟုတ်ပါ။

သင် ဆုံးဖြတ်ရမည်တို့မှာ

  • သင့်အနေဖြင့် ဖုန်းခေါ်ဆိုခြင်းနှင့် စာသားများ ပို့ခြင်း ဘယ်နှစ်ခေါက် လုပ်နိုင်ဖွယ်ရာရှိမလဲ
  • သင် Data (အချက်အလက်) ဘယ်လောက် လိုအပ်လိမ့်မည်လဲ။ ဥပမာ သင်သည် အီးမေးလ်ကို ကြည့်ရှုစစ်ဆေးခြင်း၊ အင်တာနက်၌ ဝင်ရောက် ရှာဖွေခြင်းတို့ကို မကြာခဏလုပ်လျှင် သင့်အနေနှင့် ပိုမိုကြီးမားသော လစဉ် Data (အချက်အလက်) ဒေါင်းလုပ် ခွင့်ပြုပမာဏ ပါရှိသော သဘောတူစာချုပ်အစီအစဉ်ကို လိုအပ်ကောင်းလိုအပ်လိမ့်မည်ဖြစ်ပြီး ထုံးစံအားဖြင့် တစ်လလျှင်၊ 1 GB သို့မဟုတ် 2 GB နှုန်းဖြစ်သည်။ data (အချက်အလက်) သုံးစွဲမှုနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များအတွက် ဝန်ဆောင်မှုပေးသူ၏ ကွန်ရက်တွင် သေချာစွာကြည့်ပါ။
  • သင် အချိန်ကာလ မည်မျှကြာအတွက် စာချုပ်ချုပ်မလဲ။ စာချုပ်များသည် 12 လ မှ 36 လ ကာလအပိုင်းအခြားအတွင်းဖြစ်နိုင်သည်။ အကယ်၍သင့်အနေနှင့် စာချုပ်ချုပ်ဆိုရန် ဝန်လေးလျှင် pre-paid service (ကြိုတင်ငွေပေး ဝန်ဆောင်မှုစနစ်) ကို ပထမ စမ်းသုံးကြည့်ပါ။ Recharge card (ထပ်မံဖြည့်သွင်းငွေ ကတ်ပြား) ၌ရှိသောငွေ ကုန်သွားသည့်အခါတွင် သင်သည် ထိုကွန်ရက်၌ ဆက်လက်နေနိုင်ရန် သို့မဟုတ် အခြားတစ်ခုကို ရွေးချယ်ရန် ဆုံးဖြတ်နိုင်သည်။

သင့်အနေဖြင့် အောက်ပါတို့ကို လုပ်ကိုင်ရန် သေချာပါစေ။

  • ဈေးကွက်ကို စနည်းနာပြီး ခြားနားသော ဖုန်းကွန်ရက် ဝန်ဆောင်မှုပေးသူတို့၏ ဈေးနှုန်းများ၊ သတ်မှတ်ချက်များနှင့် စီမံချက်များတို့အား နှိုင်းယှဉ်ကြည့်ပါ။
  • ဝန်ဆောင်မှုများနှင့် အခကြေးများ အကြောင်းတို့အား စာဖြင့် ရေးသားထားချက်များကို ရယူပါ
  • အကယ်၍သင်သည် သဘောတူစာချုပ်ကို ပြောင်းလဲလျှင် သို့မဟုတ် ဖျက်သိမ်းလျှင်လည်းကောင်း၊ အကယ်၍သင့်ဖုန်း ပျက်စီးလျှင်၊ ပျောက်ဆုံးလျှင် သို့မဟုတ် အခိုးခံရလျှင်လည်းကောင်း၊ ကုန်ကျမည့် အဖိုးအခများကို သိနားလည်ပါ
  • မည်သည့်အရာများအတွက် အာမခံ ရှိခြင်း၊ မရှိခြင်းအား နားလည်သိရှိရန် အာမခံလက်မှတ်ဆိုင်ရာ စာရွက်စာတမ်းကို ဖတ်ပါ
  • အကယ်၍သင်သည် သင့်ဖုန်းကို ပင်လယ်ရပ်ခြား၌ အသုံးပြုလျှင် သင့်ထံမှ အဖိုးအခမည်မျှ တောင်းခံလိမ့်မည်ကို သိပါ။

အောက်ပါတို့ကို ထည့်သွင်းစဉ်းစားပါ

  • အသုံးပြုရန် လွယ်ကူသော မိုဘိုင်းဖုန်း
  • သင် ငွေတတ်နိုင်သော သဘောတူစာချုပ်အစီအစဉ်
  • သင့် အရပ်ဒေသ၌ မိုဘိုင်းဖုန်း အသုံးပြုနိုင်စွမ်းအား ကောင်းမွန်သည့် ကွန်ချာရှိသော ဝန်ဆောင်မှုပေးသူတို့ဖြစ်ပါသည်။

သတိမူရမည်တို့မှာ

  • သဘောတူစာချုပ် ကုန်ဆုံးရက်မတိုင်မီ စာချုပ်ကို ဖျက်သိမ်းလျှင် သင့်အနေနှင့် ငွေပိုပေးရလေ့ရှိသည်
  • voicemail (မိမိမှာကြားပြောဆိုလိုသည်ကို အသံသွင်းသည့်စနစ်)၊ call-forwarding (ဖုန်းခေါ်ဆိုမှုကို လက်ဆင့်ကမ်း ဆက်လက်ပို့ခြင်း)၊ premium (ထိပ်တန်းအဆင့်) SMS ၊ အင်တာနက်တွင် ဝင်ရောက်ပြီး လျှောက်လေ့လာခြင်း၊ apps ဝယ်ခြင်းနှင့် international roaming (နိုင်ငံတကာ၌ ဖုန်းဆက်နိုင်သော အစီအစဉ်) ကဲ့သို့သော အချို့ဝန်ဆောင်မှုများအတွက် အပိုကြေးပေးရသည်
  • သင့် မိုဘိုင်းဖုန်းအား အသုံးပြုသော အရပ်ဒေသများ၌ မိုဘိုင်းဖုန်း အသုံးပြုနိုင်စွမ်းအား ရှိနိုင်ပါမည်လားကို သိရှိရန် ဝန်ဆောင်မှုပေးသူ၏ ကွန်ရက်၌ စစ်ဆေးကြည့်ရှုပါ သို့မဟုတ် သူတို့၏ဆိုင်သို့ သွားမေးပါ
  • သင့် ဖုန်းခေါ်ဆိုမှု၏ ကန့်သတ်ချက် သို့မဟုတ် Data (အချက်အလက်) ခွင့်ပြုပမာဏ၏ ကန့်သတ်ချက်ကို ကျော်လွန်သည့်အတွက် အပိုကြေး ပေးရကောင်းပေးရနိုင်မည်။

မိုဘိုင်းဖုန်းများအတွက် အာမခံများ

  • သင့် ဝယ်ယူမှု၏ အထောက်အထားအဖြစ် ပြေစာများနှင့် သဘောတူစာချုပ်များကို သိမ်းထားပါ။
  • လက်လီရောင်းသူများနှင့် ဝန်ဆောင်မှုပေးသူများအနေဖြင့် အာမခံထားသည့်ကာလအတောအတွင်း သင်၏ဖုန်းကို ပြုပြင်ပေးရာ၌ သင့်အား ငွေထုတ်ချေးရန် သို့မဟုတ် အစားထိုးဖုန်းတစ်လုံးပေးရန် မလိုပါ။ သို့သော်လည်း တစ်ချို့၌မူ ယင်းသို့ လုပ်ကိုင်ပေးသော မူဝါဒရှိကြသည်။
  • သင်၏ သဘောတူစာချုပ် စည်းကမ်းချက်များနှင့် သတ်မှတ်ထားချက်များတို့အပေါ် မူတည်ပြီး၊ သင့် ဖုန်းအား ပြုပြင်ပေးနေခိုက် သင်၏ လစဉ် ကျသင့်ငွေတောင်းခံလွှာကို ဆက်လက်ပြီး ပေးချေနေရကောင်း ပေးချေနေရနိုင်မည်။ အာမခံများနှင့် ပတ်သက်ပြီး နောက်ထပ်အချက်အလက်များကို ကျွန်ုပ်တို့၏ Warranties section (အာမခံများဆိုင်ရာ အပိုင်း) တွင်ကြည့်ပါ။
  • သြစတြေးလျားနိုင်ငံဆိုင်ရာ ဝန်ဆောင်မှုအသုံးပြုသူများ ဥပဒေအရလည်း သင့်ထံ၌ ရပိုင်ခွင့်များရှိပါသည်။ အကယ်၍သင်၏ မိုဘိုင်းဖုန်း အလုပ်မလုပ်တော့လျှင်၊ သင့်အနေနှင့် ပြန်အမ်းငွေ သို့မဟုတ် အစားထိုးဖုန်းကို တောင်းခံနိုင်ကောင်း တောင်းခံနိုင်မည်။ နောက်ထပ်အချက်အလက်များအတွက် ကျွန်ုပ်တို့၏ (ပြန်အမ်းမှုများ၊ ပြုပြင်ပေးမှုများနှင့် အသစ်လဲပေးမှုများ စာမျက်နှာ)Refunds, repairs and replacements page တွင်ကြည့်ပါ။

မိုဘိုင်းဖုန်း သဘောတူစာချုပ်ကို လက်မှတ် မရေးထိုးမီ၊

  • သဘောတူစာချုပ်ကို အမြဲဖတ်ပါ - အရောင်းဈေးသည်၏ အပြောကိုသာ ယုံကြည်စိတ်မချပါနှင့်။ မိုဘိုင်းဖုန်း သဘောတူစာချုပ်သည် တရားဝင် ခံဝန်ချုပ်တစ်ရပ်ဖြစ်သည်။ သဘောတူစာချုပ်ကို ဖျက်သိမ်းရန်မှာ ထုံးစံအားဖြင့် ခက်ခဲပြီး ဈေးကြီးသည်။
  • ပေါ်လွင်မှုမရှိသော အဖိုးအခများနှင့် တရားမျှတမှု မရှိသော သဘောတူစာချုပ် စည်းကမ်းချက်များကို သတိထားပါ။ နောက်ထပ်အချက်အလက်များအတွက် ကျွန်ုပ်တို့၏ Mobile phone providers - unfair contract terms page (မိုဘိုင်းဖုန်း ဝန်ဆောင်မှုပေးသူများ - တရားမျှတမှု မရှိသော သဘောတူစာချုပ် စည်းကမ်းချက်များ စာမျက်နှာ) တွင်ကြည့်ပါ။
  • သင် နားမလည်သော သဘောတူစာချုပ်ကို မည်သည့်အခါမျှ လက်မှတ် မရေးထိုးပါနှင့်။ သင့်အား သဘောတူစာချုပ်ကို ရှင်းပြရန် သဘောတူစာချုပ် နားလည်သူတစ်ဦးဦးအား မေးပါ။
  • အပိုကြေးများ တစ်စုံတစ်ရာ အပါအဝင် လစဉ်တောင်းခံလွှာ ကျသင့်ငွေမှာ မည်မျှဖြစ်လိမ့်မည်ကို စစ်ပါ။ သင့်အနေနှင့် သဘောတူစာချုပ်ကာလ သက်တမ်းတစ်လျှောက်တွင် ဤငွေကိုတတ်နိုင်ရန် သေချာပါစေ။
  • အကယ်၍သင်သည် မိုဘိုင်းဖုန်းနှင့် ချိတ်ဆက်မှုကို လက်လီရောင်းသူတစ်ဦးထံမှ ဝယ်လျှင်၊ သင့်အနေနှင့် သဘောတူစာချုပ် နှစ်ခုကို သပ်သပ်စီ ချုပ်ဆိုရကောင်းချုပ်ဆိုရနိုင်မည် - မိုဘိုင်းဖုန်းအတွက် လက်လီရောင်းသူနှင့် စာချုပ်တစ်ခု၊ ဖုန်းကွန်ချာဖြင့် ချိတ်ဆက်ရန်အတွက် ဝန်ဆောင်မှုပေးသူနှင့် စာချုပ်တစ်ခုဖြစ်နိုင်သည်။ ၎င်း၏ အဓိပ္ပာယ်မှာ အကယ်၍ ဖုန်း၌ ချွတ်ယွင်းမှုတစ်ခုခုရှိလျှင် လက်လီရောင်းသူက သင့်အား ကူညီနိုင်သော်လည်း၊ ဖုန်းကွန်ချာ ချိတ်ဆက်မှု ပြဿနာများ တစ်စုံတစ်ရာအတွက်မူ လက်လီရောင်းသူက မဖြေရှင်းပေးနိုင်ပေ။
  • သင်သည် သဘောတူစာချုပ်တစ်ခု၌ အသက် 18 နှစ် အောက်အရွယ်ရှိသူတစ်ဦးအတွက် အာမခံသူအဖြစ်ဆောင်ရွက်ရန် သဘောမတူမီ သေချာစွာစဉ်းစားပါ။ အကယ်၍ ထိုသူမှ သူ၏ ကျသင့်ငွေတောင်းခံလွှာကို မပေးချေနိုင်လျှင် သင်က ပေးချေရလိမ့်မည်ဖြစ်သည်။
  • ကျွန်ုပ်တို့၏ Contracts page (သဘောတူစာချုပ်များဆိုင်ရာ စာမျက်နှာ) တွင် သင်၏ ရပိုင်ခွင့်များနှင့် ၎င်းတို့ကို မည်သို့ ရယူနိုင်သည်ကို နောက်ထပ်လေ့လာပါ။

မိုဘိုင်းဖုန်း သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးပြီးသောအခါ၌၊

  • သဘောတူစာချုပ် မိတ္တူကို လုံခြုံသည့်နေရာတစ်ခု၌ သိမ်းထားပါ။ သို့မှသာ အကယ်၍ နောက်ပိုင်းတွင်လိုအပ်ပါက၊ သင့်အနေနှင့် မှီငြမ်းနိုင်မည်။
  • အကယ်၍သင့်အခြေအနေပြောင်းလဲပါက ဥပမာ၊ သင့် မိုဘိုင်းဖုန်း ပျောက်ဆုံးသွားလျှင်၊ သို့မဟုတ် အခိုးခံရလျှင်၊ သို့မဟုတ် ကျသင့်ငွေတောင်းခံလွှာများကို ပေးချေရန် သင် မတတ်နိုင်လျှင်၊ ဝန်ဆောင်မှုပေးသူအား အသိပေးပါ။

သင့် မိုဘိုင်းဖုန်း ကျသင့်ငွေတောင်းခံလွှာများအား စီမံခန့်ခွဲခြင်း

  • သင်၏ data (အချက်အလက်) သုံးစွဲမှုကို မကြာခဏစစ်ပါ။ ၎င်းသည် ငွေပမာဏ ကြီးမားလွန်းသော ကျသင့်ငွေတောင်းခံလွှာများ မရရှိရန် ရှောင်ရှားရေးအတွက် အထောက်အကူပြုကောင်းပြုနိုင်သည်။
  • သင်၏ ကျသင့်ငွေတောင်းခံလွှာမှာ မည်မျှရှိသင့်သည်ကို သင့်အနေနှင့် သိသင့်ပြီး ထူးခြားသော အခကြေး တစ်စုံတစ်ရာကို တွေ့ရှိလျှင် သင့် ဝန်ဆောင်မှုပေးသူအား မေးမြန်းပါ။
  • အကယ်၍သင်သည် သင်၏ ဝင်ငွေထွက်ငွေစာရင်းကို ပြုစုရန် သို့မဟုတ် ပေးဆပ်ငွေများကို တွက်ချက်ရန် အကူအညီလိုအပ်ပါက National Debt Helpline (ငွေကြေးအကူအညီ အဖွဲ့အစည်း) အား ဆက်သွယ်ပါ။
  • သင်၏ ကျသင့်ငွေတောင်းခံလွှာများကို အချိန်မီ ပေးချေပါ။ သို့မဟုတ်လျှင် သင့်ထံမှ နောက်ကျကြေးကို အပိုဆောင်း တောင်းခံနိုင်ဖွယ်ရာရှိသည်။

ပြဿနာများ ပေါ်ပေါက်သည့်အခါ၌