Burmese

Skip listen and sharing tools

ဗစ်က်တိုးရီးယား စားသုံးသူများရေးရာဌာန

ကျွန်ုပ်တို့က ဘာလုပ်ကြသည်

ဗစ်က်တိုးရီးယား စားသုံးသူရေးရာဌာနသည် ဗစ်က်တိုးရီးယားပြည်နယ်၏ စားသုံးသူရေးရာများကို တရားဝင်ထိန်းသိမ်းသူဖြစ်သည်။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ဗစ်က်တိုးရီးယားပြည်သူပြည်သားများသည် တာဝန်သိကြပြီး အသိအမြင်ရှိကြသော ကုန်သည်များနှင့် စားသုံးသူများဖြစ်ကြရေးကို ကူညီရန်ဖြစ်သည်။

၎င်းကိုလုပ်ကိုင်ရန် ကျွန်ုပ်တို့က၊

  • စားသုံးသူများဥပဒေနှင့် စက်မှုလုပ်ငန်းစည်းမျဉ်းများကို ပြန်လည်ဆန်းစစ်ပြီး ပြည်နယ်အစိုးရအား အကြံÓဏ်ပေးသည်
  • စားသုံးသူများ၊ အိမ်ငှားမြေငှားများ၊ ကုန်သည်များနှင့် အိမ်မြေရှင်များတို့အား ၄င်းတို့၏ ရပိုင်ခွင့်များ၊ တာဝန်များနှင့် ဥပဒေပြောင်းလဲမှုများနှင့်ပတ်သက်၍ အကြံဥာဏ်ပေးပြီး ပညာပေးသည်
  • ကူးသန်းရောင်းဝယ်မှုများနှင့် အလုပ်အကိုင်များကို မှတ်ပုံတင်ပေးပြီး လိုင်စင်ထုတ်ပေးသည်
  • စားသုံးသူများနှင့် ကုန်သည်များတို့အကြားနှင့် အိမ်မြေငှားများနှင့် အိမ်မြေရှင်များတို့အကြား အငြင်းပွားမှုများကို ဖျန်ဖြေစေ့စပ်ပေးသည်
  • စားသုံးသူ ဥပဒေများ၏ အာဏာကိုတည်မြဲစေပြီး ၄င်းတို့အား လိုက်နာမှုကို သေချာစေသည်။

ကျွန်ုပ်တို့သည် အောက်ပါတို့အတွက် ဘက်လိုက်မှုကင်းသော သတင်းအကြောင်းအချက်များနှင့် အကြံÓဏ်ကို အခမဲ့ ပေးပါသည်

  • ဆောက်ခြင်းနှင့် မွမ်းမံပြုပြင်ခြင်း
  • ကူးသန်းရောင်းဝယ်ရေး လိုင်စင်ထုတ်ပေးခြင်းနှင့် စည်းမျဉ်းများအရ ထိန်းသိမ်းပေးခြင်း
  • ကူးသန်းရောင်းဝယ်ရေး အမည်များ
  • မြေအိမ်အဆောက်အအုံ ရောင်းခြင်းနှင့် ဝယ်ခြင်း
  • သမဝါယမများ
  • ရန်ပုံငွေကောက်ခံခြင်း
  • ပေါင်းစည်းထား အဖွဲ့အစည်းများ
  • ကန့်သတ်ထား အစုစပ်များ
  • ကြွေးမြီ စီမံခန့်ခွဲခြင်း
  • မော်တော်ယာဉ်များ
  • ပိုင်ရှင်များ စုပေါင်းအဖွဲ့
  • ထုတ်ကုန် အန္တရာယ်ဘေးကင်းရေး
  • ငှားရမ်းခြင်း
  • အငြိမ်းစားဂေဟာများ
  • လိမ်လည်ရိုက်စားမှုများ
  • ဈေးဝယ်ခြင်းနှင့် ရောင်းဝယ်ခြင်း။

ကျွန်ုပ်တို့အား ဆက်သွယ်ပါ

စကားပြန် ဝန်ဆောင်ပေးမှု

Interpreter service logo၁၃၁ ၄၅၀ သို့ဖုန်းခေါ်ပြီး သင်၏ ဘာသာစကား၏ အင်္ဂလိပ်အမည်ကို ပြောပါ။ ထို့နောက် စကားပြန်အား ၁၃၀ဝ ၅၅ ၈၁ ၈၁ သို့ ဖုန်းခေါ်ခိုင်းပါ။

ပိုမိုသိကောင်းစရာများ